Monday, July 6, 2015
လူဘ၀ တစ်ခု ကို ကျွန်တော် ရဲ့ သာမန် အတွေးတစ်ခု နှင့် တွက်ချက် သုံးသပ်ခြင်း
ဒီ Post ကို ဗုဒ္ဓဘာသာ စစ်စစ် မှန် မှ ဆက်လက် ဖတ်သင့် ပါတယ်လို့ ပြောချင်ပါတယ်.
သတ္တ၀ါ တွေ ကို သိစေချင် တာကြောင့် ကျွန်တော့် အနေ နဲ့ စာသားတွေ ကို တော်တော်ရှည်ရှည် ရေးသားရမှာ ဖြစ်တာပြီး စာဖတ်သူ တွေ ကို အဆုံးထိ အချိန် ၅ မိနစ်လောက် ဖြစ်ဖြစ် ပေးပြီး ဖတ်စေချင်ပါတယ်.ကျွန်တော် အတွက် စာရေး ရကျိုး နပ်တာပြီး
ဒီလို အချိန်ပေးပြီး ဖတ်ခြင်း ကြောင့် ကျွန်တော် နှင့် စာဖတ်သူ ကြား မင်္ဂလာ သုတ် ပရိတ်တော်အလား မြတ်သော မင်္ဂလာ တစ်ပါး ဖြစ်ပေါ်နေပါလိမ့်မယ်. :)
အခုဆိုရင်  ကျွန်ုပ်တို့ နေထိုင်ရာ  ဘဒ္ဒကမ္ဘာ မှာ ဘုရား ၅ ဆူ ရှိသည့် အနက် လေးဆူမြောက်  ဂေါတမ Buddha ရဲ့ သာသနာတော် ၂၅၀၀ ကျော်လွန် ၍ သာသနာ တစ်ဝက်ကုန်ခဲ့ ပါပြီး နောက်ဆုံး Buddha ဖွင့်တော်မှုဖို့ နောင်နှစ်ပေါင်း ၂၅၀၀ ခန့်သာ ကျန်ပါတော့တယ်.
တခြား လာမဲ့ ကမ္ဘာ တွေ မှာ Buddha မပွင့်တော့ ပါ ဒါကို အရင်ဆုံး မှတ်ထားပေးပါ
ပြီးရင် ကျွန်တော် တို့ လူ ဘ၀ တန်ဖိုး ကို သင်္ချာလို စတွက် တာပေါ့ ဗျာ
နတ် သက်တမ်း
နတ်ပြည်ခြောက်ထပ်တွင် အောက်စတုမဟာရာဇ် နတ်များဖြစ်ကြသော ဘီလူး၊ ဘုမ္မစိုး နတ် တို့တွင် တည်မြဲသော သက်တမ်းမရှိကြပေ။ အချို့သော ဘုမ္မစိုးနတ်တို့သည် ခုနှစ်ရက်မျှသာ အသက်ရှည်ကြပြီး အချို့မှာ အာယုကပ်ပတ်လုံး အသက်ရှည်ကြ၏။ အထက်စတုမဟာရာဇ် နတ်တို့၏ သက်တမ်းမှာ အနှစ်(၅၀၀) ရှိပေသည်။ လူတို့၏နှစ်ဖြင့် ရေတွက်လျှင် အနှစ် (၉)သန်း အသက်ရှည်ကြသည်။ စတုမဟာရာဇ် နတ်တို့၏ တစ်ရက်သည် လူတို့၏အနှစ် (၅၀)နှင့် ညီမျှပေသည်။
တာဝတိံသာ နတ်တို့သည် အနှစ်(၁၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်တစ်ရာသည် တာဝတိံသာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ တာဝတိံသာ နတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း သုံးကုဋေခြောက်သန်း ရှိပေသည်။
ယာမာနတ်တို့သည် အနှစ်(၂၀၀၀)သက်တမ်း ရှိသည်။ လူတို့၏အနှစ် (၂၀၀) သည် ယာမာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ယာမာနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၁၄)ကုဋေလေးသန်း ရှိပါသည်။
တုသိတာနတ်တို့သည် အနှစ်(၄၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်(၄၀၀)သည် တုသိတာ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ တုသိတာနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၅၇)ကုဋေနှင့် ခြောက်သန်း ရှိပါသည်။
 နိမ္မာနရတီနတ်တို့သည် အနှစ်(၈၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတီ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ နိမ္မာနရတီနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၂၃၀)ကုဋေ လေးသန်းရှိပါသည်။
ပရနိမ္မိတ၀သ၀တ္တီနတ်တို့သည် အနှစ်(၁၆၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၉၂၁)ကုဋေခြောက်သန်း ရှိပါသည်။
ဗြဟ္မာတို့၏သက်တမ်းများသည် အလွန်ရှည်လျားကြသည့်အတွက် အသင်္ချေယျကပ်၊ မဟာကပ် တို့ဖြင့် တိုင်းတာရပေသည်။ ထိုကပ်တို့သည် (၁) အာယုကပ်၊ (၂) အန္တရကပ်၊ (၃) အသင်္ချေယျကပ် ၊ (၄) မဟာကပ်ဟူ၍ လေးပါးရှိ၏။
သံဝဋ္ဋ္ဋကပ်-ကမ္ဘာကြီး စပျက်သည်မှ လုံးဝပျက်သုဉ်းသွားသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
သံဝဋ္ဋဌာယီကပ်-ကမ္ဘာကြီးပျက်သ
ုဉ်းပြီး၍ ပျက်ပြီးသည့်အတိုင်း တည်နေသော အသင်္ချေယျကပ်။
ဝိ၀ဋ္ဋကပ်-ကမ္ဘာပြုမိုးစရွာသည့် အချိန်မှစ၍ ကမ္ဘာကြီးအပြည့်အစုံ ဖြစ်ပေါ်လာသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
( ဒါ က နတ်တို့ ရဲ့သက်တမ်း ပါ.  မှတ်ထား ပေးပါ)
ငရဲ ၈ ထပ်ရဲ့ သက်တမ်း
(၁။ သိဉ္ဇိုဝ်ငရဲ- ငရဲခန္ဓာကိုယ်ကြီး ပျက်စီးသွားလိုက် အသစ်ပြန်ဖြစ်လိုက်နဲ့ အဖန်ဖန်အသက်ရှင်ခံရသော ငရဲ။ ငရဲသက် နှစ် ၅၀၀။ လူ့သက် အနှစ်ကိုးသန်း။
၂။ ကာဠသုတ်ငရဲ- ခန္ဓာကိုယ်ကို ပဲခွပ်ဓါးမတို့ဖြင့် အစိတ်စိတ်အမြှောင်မြှောင် ရွေဖြတ်ခံရသော ငရဲ။ ငရဲသက် ၁၀၀၀။ လူ့သက် သုံးကုဋေခြောက်သန်း။
၃။ သင်္ဃာတငရဲ- အရပ်ရှစ်မျက်နှာမှ လာကုန်သော တောင်ကြီးတို့သည် ကြိတ်ချေသတ်ခံရသော ငရဲ။ ငရဲသက် ၂၀၀၀။ လူ့သက် ဆယ်လေးကုဋေလေးသန်း။
၎။ ရောရုဝငရဲ- နာကျင်ဆင်းရဲသောအသံဖြင့် အလွန်အကဲ အော်ဟစ်ငိုကြွေးခံရသောငရဲ။ ငရဲသက် ၄၀၀၀။ လူ့သက် ငါးဆယ်ခုနစ်ကုဋေ ခြောက်သန်း။
၅။ မဟာရောရုဝငရဲ- ရောရုဝငရဲထက် လွန်ကဲကြီးမားစွာ ခံရသောငရဲ။ ငရဲသက် ၈၀၀၀။ လူ့သက် နှစ်ရာသုံးဆယ်ကုဋေ လေးသန်း။
၆။ တာပနငရဲ- အလွန်ပူပြင်းစွာ လောင်ခံရသောငရဲ။ ငရဲသက် ၁၆၀၀၀။ လူ့သက် ကိုးရာနှစ်ဆယ်တစ်ကုဋေ ခြောက်သန်း။
၇။ မဟာတာပနငရဲ- တာပနငရဲထက် လွန်စွာပူလောင်ခြင်းခံရသောငရဲ။ ငရဲသက် အန္တရကပ်ထက်ဝက်။ လူ့သက်အားဖြင့် အသင်္ချေယျတန်းမှ ၁၀ နှစ်တန်းထိ။
၈။ အဝီစီငရဲ- ငရဲသားတို့ အကြားအလပ်မရှိ ပြည့်ကျပ်နေပြီး ဆင်းရဲဒုက္ခ အမြဲမပြတ် တရစပ်ခံရသောငရဲ။ ငရဲသက် အန္တရကပ်တစ်ကပ်။
အန္တရကပ်တစ်ကပ်ဆိုတာ လူတို့သက်တမ်း ၁၀ နှစ်တမ်းမှ အသင်္ချေယျတန်းထိ။ အသင်္ချေယျတမ်းမှ ၁၀ နှစ်တန်းထိ တက်ကပ်ဆုတ်ကပ်တစ်စုံကို ခေါ်ဆိုခြင်း ဖြစ်သည်။
အဝီစိငရဲမီးကို လူတစ်ယောက်သည် မိုင် (၈၀၀) မှ ကြည့်ရှု့ပါက မျက်လုံးပေါက်ထွက်သွားနိုင်သည်။)
(ဒါ က ငရဲသက်တမ်းပါ မှတ်ထားပေးပါ.)
 နတ်ပြည်က ပစ်ချ လိုက်တဲ့ အပ် တစ်ချင်း လူပြည့် က ပစ်တင် လိုက် တဲ့ အပ် တစ်ချောင်း ထိကောင်း ထိနိုင်ပါတယ် ကျွန်တော် တို့ ရဲ့ လူဘ၀ က ရခဲလှ ပါတယ်
ကျွန်တော် တို့ ရဲ့ လူသားတို့၏ သက်တမ်းမှာ
အရှေ့ကျွန်းသားတို့တွင် သက်တမ်း(၇၀၀)၊ အနောက်ကျွန်းသား တို့တွင် သက်တမ်း(၅၀၀)၊ မြောက်ကျွန်းသားတို့တွင် သက်တမ်း (၁၀၀၀) ပုံမှန်ကန့်သတ်ချက် ရှိသော်လည်း
ကျွန်တော် တို့ နေထိုင်တဲ့ တောင်ကျွန်းသားတို့မှာ သက်တမ်း ပုံသေမရှိပါ။ အသင်္ချေယျတမ်းမှသည် ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တန်းမှသည် အသင်္ချေယျတမ်း ဟူ၍ ဆုတ်လိုက် တက်လိုက် ဖြစ်နေပါသည်.
ဒီတော့ ကျွန်တော် တို့ လူဘ၀ မှာ ဘယ်အချိန် သေမလဲ ဆို တာ ဘယ်သူမှ မသိကြတော့ပါဘူး
ကျွန်တော် တို့ လက်ရှိခေတ် စကားအရ ဆိုရင် ငယ်စဉ်မှာ ပညာရှာ အလယ် အရွယ် မှာ စီးပွား နှင့် ကြင်ယာရှာ နောက်ဆုံး အရွယ် မှာ တရား ရှာကြတာ မဟုတ်လား
ဒီလိုဆိုရင် ကျွန်တော် တစ်ခု သုံးသပ်ကြည့်တယ် အဲဒီ နောက်ဆုံး အရွယ်မရောက် ခင် ကံ သုံးပါး လုံး မှ တစ်ပါး ပါးကြောင့် နဲ့ သေဆုံးခဲ့ ရင် ရော မိတ်ဆွေ ဘယ်ဘ၀ ရောက်မယ် ထင်လဲ ?
ကျွန်တော် တို့ မသေ ခင်က ပြုခဲ့တဲ့ အကုသိုလ် ကံ , ကုသိုလ်ကံ နှင့်အတူ ကောင်းရာ ဘ၀ , မကောင်းရာ ဘ၀ ဟူပြီး ရောက်ရှိကြမှာပေါ့.
ကောင်းမွန် တဲ့ ကုသိုလ်ကံ ရှိခဲ့လို့ သင် သေပြီး  နတ်ပြည်ရောက် တာနဲ့ မနက်ဖြန် တဘက်ခါ ဆိုတာ နဲ့ နတ်ပြည်နဲ့ လူပြည်သက်တမ်း အရ ကျွန်တော် တို့ Buddha ပွင့်တော်မှုပြီးနော်
ငရဲ ကျ တာ နဲ့  မမှီတော့ဘူးနော် သွားပြီး ကျွန်တော်တို့ ရဲ့ နောက်ဆုံး အခွင့်အရေး ဆုံးရှံး တော့မယ် နောက် ဘုရား မပွင့်တဲ့ ကမ္ဘာတွေ မှာဆင်းရဲ များစွာ ကြုံရတော့မယ်
ဒါဆို သင် မမြင်ရ တဲ့ အရာ အတွက် သင် ဘာတွေ ကြိုသက်ပြင် ဆင်ရမလဲ
အခု ခေတ်လူသား တွေ က အယူတစ်ခု လွဲနေကြတယ် လူ သေတဲ့ အခါ ကျရင် သရဏဂုံ တင်ပြီး အမျှပေးဝေ လိုက်ရင် သေဆုံးသွားတဲ့ သူတွေ ကောင်းရာဘ၀ လားမှာ ထင်ကြတာ အဲဒါ မှားတာပဲ တကယ်တော့ သရဏဂုံတင်တယ် ဆိုတာ သေသွားတဲ့ လူ တွေ အတွက် ကျွန်တော် တို့ Buddha ဘုရား ရှင် က ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး
ဒီအကြောင်း ကိုတော့ မရှင်းတော့ပါဘူး စာရှည်မှာ ဆိုးလို့ နီးစပ်ရာ ဆရာတော်ကြီး တွေ ကို မေးနိုင်ပါတယ်.
 သေသူ အား သုသာန်  သို့ လိုက်လံ ဖို့ ဆောင် တဲ့ ကျွန်တော် တို့လို့ သက်ရှိတွေ အတွက် သံဝေဂ တစ်ခု အနေ နဲ့ မြင်နိုင်အောင် သရဏဂုံ ကိုတင်ကြ တာပါ. ဒါဆိုရင် သေသူ အတွက် ဘာရမလဲ လို့ ?
 မေးမယ်ထင်ပါတယ်.
ဟုတ်ပါတယ် သေ လူ အတွက် ကျွန်တော် တို့ ရဲ့ ရရှိလာတဲ့ သံဝေဂ တရား နှင့်  ပြုခဲ့ဖူးတဲ့ ဒါန သီလ ဘာဝန တွေ အစု ကို နောက်ဆုံး အမျှ အမျှ  အမျှ  ဟုပေးသော နေရာ ၌  သူရဲ့ ကံကြမ္မာ နဲ့ ကံ အလျောက် သေ သူ သာဓု ခေါ် နိုင် သလို ပြုခဲ့ဖူးတဲ့ ကံ အလျောက် ခေါ်ချင်ပေမဲ့ မခေါ် နိုင်တဲ့ သေသူတွေ လည်း ရှိပါတယ်.
 ဒါ က လူဘ၀ ရဲ့ သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခု ပါ . ဒါဆို ရင် ကျွန်တော် တို့မသေခင် ဘယ်လိုပြင် ဆင်မလဲ
 (ကျွန်တော် က လက်ရှိ မှာ အကုသိုလ်တွေ အများကြီးလုပ်ထားတယ် လူသတ်တယ်
 ခိုးတယ်
သူများသားမယား ကိုစော်ကား တယ်
လိမ်လည်တယ် ဆဲဆိုတယ်
 သေရေ သေ ရက် သောက်စားတယ် 
ခင်ပွန်းကြီး ဆယ်ပါး ပြစ်မှား မိတယ်
 ဒါဆိုရင်ရော ကျွန်တော် ပြင်ဖို့ အချိန်မှီ ပါ့မလား) လို့ တွေးမိ ကြမှာပါ.
ပြင်ဖို့ အချိန် မှီတာ ပေါ့
 ကျွန်တော် တို့ Buddha ဘုရား ရှင်လက်ထက် မှာ တောင် လူများစွာ သတ် ခဲ့ တဲ့ အင်္ဂုလိမာလ တောင် ရဟန်း ဖြစ်ခဲ့သေးတာ ပါ ကျွန်တော် တို့လဲ ရတာပေါ့
ဒါ က ဒါန သီလ ဘာဝနာ နဲ့ပြင်စဉ် နိုင်ပါတယ်.
ဒါ န ကတော့ စေတနာ သန့်သန့် နဲ့ ပေးကမ်း စွန့်ကြဲ လှူ တမ်း ခြင်းပါ ဒါ ကတော့ မရှင်းပြတော့ဘူးနော်
သီလ အနေနဲ့ က တော့  Buddha ချမှတ် ခဲ့တာ က လူတစ်ယောက် အနေ နဲ့ သီလ ၅ ပါး ရှိတာပေါ့
သူတစ်ပါး အသတ် ကို သတ်တယ်
သူတစ်ပါး ပစ္စည်း ကို ပေးအပ်ခြင်း မရှိပဲ  ခိုးယူတယ်
သူများသားမယား ကိုစော်ကား တယ်
လိမ်လည်တယ် ဆဲဆိုတယ် ချောပစ် ကုန်းတိုက်တယ်
 သေရေ သေ ရက် သောက်စားတယ်  စတာတွေ ပေါ့ ဒီအထဲ မှာ မှ လူသားတိုင်း အကျိုးများ ဆုံး သီလ ကတော့ နှစ်ပါး ပဲ ရှိပါတယ်
အဲဒါတွေ ကတော့
ပါဏာတိပါတာ ဝရေမဏိသိက္ခာပဒံ သမာဒိယာမိ၊
သူတစ်ပါး အသတ် ကို သတ်တယ် တာရယ်
ဥပမာ (ခြင် ပုရွတ်ဆိတ် သတ်တာ)
မုသာဝါဒါ ဝရေမဏိ သိက္ခာပဒံ သမာဒိယာမိ၊
လိမ်လည်တယ် ဆဲဆိုတယ် ချောပစ် ကုန်းတိုက်တယ် ဆိုတာရယ်ပေါ့
ဥပမာ (စနောက် ပြောဆိုရင်းလိမ်လည် မိတာ )
ကျန်တဲ့ သုံးပါး ကတော့ ကိုယ် အပေါ်မှုတည် ပြီး ကျိုးတာပါ.
ဒါဆိုရင် ကျွန်တော် တို့ ဒီ ကံနှစ်ပါးကို ဘယ်လို ထိန်းမလဲ
ပါဏာတိပါတာ ဝရေမဏိသိက္ခာပဒံ သမာဒိယာမိ၊ ကို အရင် ထိန်း ပါ
ပါဏာတိပါတာ ဝရေမဏိသိက္ခာပဒံ သမာဒိယာမိ ကံကို
ကျွန်တော် စသင် ထိန်းခဲ့ တဲ့ အတွေ့ အကြုံ ပြောပြ ရရင်
ပထမတော့ တစ်ပတ် နှစ်ပတ်လောက် သတိလက်လွတ် ပြီး ခြင် ရိုက် မိတယ်
အိပ်နေ ရင်း နဲ့ ယောင် ပြီးတော့ ပေါ့ အဲဒါ နဲ့ သတ်လိုက်တာ ကို သတိထား မိ တာနဲ့ ကန်တော့ ကန်တော့ ဆို ပြီး ပြန်ထိန်းတယ် ဒါနဲ့ သုံးပတ်မြှောက် ကျတော့ အကျင့် ဖြစ်ပြီး အိပ်နေတဲ့ အချိန် မှာတောင် သတိ လက်လွတ် မသတ်မိတော့ ပါဘူး ဒီလို နဲ့ ၁ လ လောက် ပြည့်တော့ ထူးထူးခြားခြား ကျွန်တော် ကို ခြင် မကိုက်တော့ပါဘူး ကိုက်ရင် လည်း မနာ တော့ပါဘူး .... ဒီနေ့ အထိ ပါပဲ
မုသာဝါဒါ ဝရေမဏိ သိက္ခာပဒံ သမာဒိယာမိ ကတော့ ဒီနေ့ အထိ ကျွန်တော် ထိန်းနေတုန်း ပါပဲ သူ က ပိုထိန်း ရ ခက်ပါတယ် ကျွန်တော် က လူငယ်ဆိုတော့ စနောက် ရင်း သီလ ကျိုး ပါတယ်.
ဒါ က ၅ပါး သီလ သဘောပါ ဒီ အဆင့် ကို သိမ်းနိုင်ပြီး ရင် ရက်ကြီး အခါကြီး ကြ ရင် ၈ ပါး ၉ ပါး သီလ ယူပေါ့
ဘာဝနာ ကတော့
သမထ နဲ့ ၀ိပသာနာ နှစ်မျိုးရှိပါတယ်
 စားနေရင် အိပ်နေရင်း သွားနေရင်း ထိုင်နေရင်း အလုပ်လုပ် နေရင် ဘုရားစာ ရွတ်တာ ရှုမှတ် တာတွေ က ဘာဝနာ တွေ ပါ. ကျွန်တော ကတော့ နေ့စဉ် ရေချိုး  မျက်နှာ် သစ်တိုင်း ဘုရားစာ ရွတ်လေ့ရှိတဲ့ အကျင့် ရနေပါပြီး
နေ့စဉ် မပျက် မကွက် ဘုရားဝတ်ပြု တာကလည်း ဘာဝနာ ပါပဲ
ဘယ်အချိန်သေမလဲ မသိတဲ့ ကျွန်တော်တို့ ဘ၀ မှာ  မိမိ လုပ်ဆောင် နိုင်ရာလေး ကို
ဒီလို ဒါန သီလ ဘာဝနာ နဲ့ အခုချိန် ကတည်း လုပ်ရင် သေဆုံးတဲ့ အခါ နတ်ပြည် ရောက်တာ နဲ့ ဘုရား ပွင့်ဖို့ မီပါပြီး ဗျာ ဒါဆို ရင် နိဗ္ဗာန် ဆိုတဲ့ လှေ ကို စီးဖို့ လက်မှတ် တစ်စောင်ရထား ပြီး မဟုတ်လား
ဒါ က တော့ လူဘ၀ တစ်ခု ကို ကျွန်တော်  ရဲ့ သာမန် အတွေးတစ်ခု နှင့် တွက်ချက် သုံးသပ်ခြင်းပါ
နောက်ပြီး အကြံ တစ်ခု အနေ နဲ့ ပေးချင်ပါတယ် နောင်ပွင့်မည် အရိမေတ္တေယျ ဘုရား သမိုင်း ကိုလေ့လာ စေချင် ပါတယ် အရိမေတ္တေယျ ဘုရား သမိုင်း  က ကျွန်တောတို့ အတွက် အားအင် ပိတိ ကြည်နူး မှုတွေ နဲ့ အခု ကျွန်တော် ရေးခဲ့တဲ့ အကြာင်းအရာ တွေ ကို နည်းလည်မှု ပေးနိုင်ပါတယ်ဗျာ.
The Earth finally Buddha is Arimettaiya.
This Book is Arimettaiya History. Contant
1. Buddha is  ......
2. The Eighteen Miracles of Buddhas
3. The Ten Buddha-to-be
4. The Five kinds of World
5. The Preordainment of the Arimettaiya.
6. The Disappearance of the five kinds of Dispensation
7. Marry to  become family person at age five and three catastrophes
8. Buddha-to-be attains enlightenment
9. Renunciation of Buddha-to-be
10. The Mraculous power of Arimettaiya Buddha.
This book is writing two language Myanmar and English. You can study Arimettaiya Buddha download below.
အရိမေတ္တေယျ ဘုရား သမိုင်း စာအုပ်
No comments:
Post a Comment