Monday, July 6, 2015

လူဘ၀ တစ်ခု ကို ကျွန်တော် ရဲ့ သာမန် အတွေးတစ်ခု နှင့် တွက်ချက် သုံးသပ်ခြင်း

ဒီ Post ကို ဗုဒ္ဓဘာသာ စစ်စစ် မှန် မှ ဆက်လက် ဖတ်သင့် ပါတယ်လို့ ပြောချင်ပါတယ်.

သတ္တ၀ါ တွေ ကို သိစေချင် တာကြောင့် ကျွန်တော့် အနေ နဲ့ စာသားတွေ ကို တော်တော်ရှည်ရှည် ရေးသားရမှာ ဖြစ်တာပြီး စာဖတ်သူ တွေ ကို အဆုံးထိ အချိန် ၅ မိနစ်လောက် ဖြစ်ဖြစ် ပေးပြီး ဖတ်စေချင်ပါတယ်.ကျွန်တော် အတွက် စာရေး ရကျိုး နပ်တာပြီး
ဒီလို အချိန်ပေးပြီး ဖတ်ခြင်း ကြောင့် ကျွန်တော် နှင့် စာဖတ်သူ ကြား မင်္ဂလာ သုတ် ပရိတ်တော်အလား မြတ်သော မင်္ဂလာ တစ်ပါး ဖြစ်ပေါ်နေပါလိမ့်မယ်. :)

အခုဆိုရင်  ကျွန်ုပ်တို့ နေထိုင်ရာ  ဘဒ္ဒကမ္ဘာ မှာ ဘုရား ၅ ဆူ ရှိသည့် အနက် လေးဆူမြောက်  ဂေါတမ Buddha ရဲ့ သာသနာတော် ၂၅၀၀ ကျော်လွန် ၍ သာသနာ တစ်ဝက်ကုန်ခဲ့ ပါပြီး နောက်ဆုံး Buddha ဖွင့်တော်မှုဖို့ နောင်နှစ်ပေါင်း ၂၅၀၀ ခန့်သာ ကျန်ပါတော့တယ်.

တခြား လာမဲ့ ကမ္ဘာ တွေ မှာ Buddha မပွင့်တော့ ပါ ဒါကို အရင်ဆုံး မှတ်ထားပေးပါ

ပြီးရင် ကျွန်တော် တို့ လူ ဘ၀ တန်ဖိုး ကို သင်္ချာလို စတွက် တာပေါ့ ဗျာ

Sunday, July 5, 2015

ရွှေရင်ကျော်ဣစ္ဆသယ- မဟိဒ္ဓိစေဂိုဏ်းတော်ကြီးဖြစ်ပေါ်လာပုံ၊ ဘိုးတော်ဘုရားများ၏ ထွက်ရပ်ပေါက် (အကျဉ်း) နှင့် ထူးခြားချက်များ သမိုင်း

 ရွှေရင်ကျော်ဣစ္ဆသယ- မဟိဒ္ဓိစေဂိုဏ်းတော်ကြီးစလာပုံပြောပါဆိုလျှင် ကျွန်တော်တို့ ဆရာကြီး ဦးမြခင် (ခေါ်) အဖေကြီး ဦးမြခင်အကြောင်း အရင်ပြောမှဖြစ်မှာ၊ ရွှေရင်ကျော်နှင့် အဖေကြီး ဦးမြခင်ဆိုတာ ခွဲခြားမရအောင်ဖြစ်ရပါသည်။ ဒါကြောင့် ၄င်းတို့အဖေကြီးဦးမြခင်၏ မိန့်ကြားသွားသော နှုတ်တော်ထွက်ခဲ့သော မူရင်းအသံနှင့် ဆုံးမခဲ့သော မိန့်မှာခဲ့သော တိတ်ခွေမှ မှတ်တမ်းအရ၊ ပြောကြားချက်အရ ပြောရမည်ဆိုလျှင် ဂိုဏ်းတော်နှင့် ဘိုးတော်များ စလာပုံမှာ “မင်းသားကြီး ဦးအောင်က စလာတယ်” ဟုပြောပါရန် အဖေကြီး အမိန့်ရှိပါသည်။
            အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏သား ဘိုးတော်ဦးဝိုင်းနှင့် မင်းသားကြီး ဦးအောင်၊ နောက် ကိုရင်ကြီးတစ်ပါးရယ်၊ သူတို့ သူငယ်ချင်းသုံးယောက် ပါရှိတယ်၊ ၄င်းသုံးဦးကို ငယ်စဉ် အခါက ဆရာတော်ထံအပ်နှံပြီး ပညာသင်ကြားစဉ်က ဆရာတော်က ဘုရင်ဖြစ်မည့် မောင်ဝိုင်း ကို မင်းသားတို့တတ်အပ်သော အဌာရဿဆယ့်ရှစ်ရပ် ပညာများကို သင်ကြားပေး၍ ကိုရင်ကြီး ကိုမူ တရားဓမ္မများ သင်ကြားပို့ချပေးခဲ့သည်။
            မင်းသားကြီးဦးအောင်ကိုကျတော့ ငယ်စဉ်ကအထုံရေစက်ပါသောကြောင့် ထွက်ရပ် ပေါက် ပညာရပ်များကို ငယ်စဉ်ကပင် သင်ကြားပေးခဲ့ပါသည်။
            ဤကဲ့သို့ အရွယ်ရောက်ကြ၍ မိမိတို့ဘဝနှင့် မိမိတို့ ကျင့်ကြံနေထိုင်ခဲ့ကြသည်။ နောက်ဆုံးနန်းတွင်းအရေးတော်ပုံဖြစ်လာသောအခါမှာ- မင်းသားကြီးဦးအောင်က မောင်ဝိုင်း အားရှောင်တိမ်းနေစေခဲ့ပြီးနောက် မောင်ဝိုင်းကံဇာတာအထတွင် ထီးနန်းကို သိမ်းပိုက်စေခဲ့ သည်။ ထီးနန်းရလျှင် မဟာမျိုးမဟာနွယ်များကို သက်ဖြတ်ခြင်းမပြုရန် ကတိစကား ဦးဝိုင်းက ဆိုခဲ့ရသည်။
            ဤသို့ဖြင့် ဘိုးတော်ဦးဝိုင်းထီးနန်းရလာသည်။ ဘိုးတော်ဦးဝိုင်းသည် မိမိကတိသစ္စာ ဖောက်ဖျက်၍ ထီးနန်းရရှိသော မဟာမျိုးမဟာနွယ်များကို ကွပ်မျက်လိုက်သောအခါ

What is Shwe Yin Kyaw (ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေ ဂိုဏ်းတော်ကြီး)

What is Shwe Yin Kyaw (ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေ ဂိုဏ်းတော်ကြီး)

ရွှေရင်ကျော် (Shwe Yin Kyaw) = Gold,
ဣစ္ဆာ သယ (Eiksataya)= Get whatever one wishes for,
မဟိဒ္ဓိ         (Ma Hade De)= Huge glory,
စေ             (Say)= Shwe Yin Kyaw’s Masters are empowered by  Saints of Sywe Yin Kyaw to quell Ghosts and eveils

ဂိုဏ်းတော်ကြီး (Gai Daw Gyi) =Holy Gang.

ကျွန်တော် ၏ ဖခင်ကျေးဇူးရှင်



ရှေးရေးဘဝကိုမြင်

မြင်၍သာလျင် ရွှေညဏ်ထွင်

ပညာကုန်စင်သင်

ရသည့်ပညာမြတ်လှတာ

ဖခင်ကျေးဇူးပါ

ကျေးဇူးကိုဆပ် ဘဝတစ်သက်

ကမ္ဘာ့မှတ်ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဂင်းနစ်မှတ်တမ်းဝင် မင်းကွန်းဆရာတော်


အသက် ၁၃နှစ်တွင် ဝိနယစာမေးပွဲ၊ ၁၄နှစ်တွင် ပရိယတ္တိစာမေးပွဲ၊ ၁၅နှစ်တွင် ပထမငယ်တန်း၊ ၁၇နှစ်တွင် ပထမလတ်တန်း နှင့် အသက် ၂၀တွင် ပထမကြီးတန်းတို့ကို အဆင့်ဆင့် အောင်မြင်ခဲ့ပါတယ်။ ၁၉၃၃ခုနှစ်တွင် ဖြေဆိုခဲ့သော ပထမကြီးတန်း စာမေးပွဲတွင် အမြင့်ဆုံးအမှတ်ဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုနှစ်တွင်ပင် သကျသီဟ စာသင်တန်းကို အောင်မြင်ခဲ့ပြီး ၁၉၃၄တွင် စာချတန်းကို တစ်ဆက်တည်း အောင်မြင်ခဲ့ပါတယ်။ ၁၉၃၄တွင်ပင် မဟာသံဃသမဂ္ဂီ အဖွဲ့မှ ဘိဝံသ ဘွဲ့ကို ချီးမြှင့်ခဲ့၍ ဆရာတော်၏ဘွဲ့တော်မှာ

ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေ ဂိုဏ်းတော်ကြီး စည်းကမ်းချက်

(၁)  ဂိုဏ်းတော်ကို မဝေဖန်နှင့်
(၂)  ဆေးတော်ကိုမဝေဖန်နှင့်
(၃)  ပညာတူညီကိုမောင်နှမများကိုမနှိမ့်ချ မကျော်လွားနှင့်
(၄)  ခန္ဒီတရားကိုလက်ကိုင်ထားပါ
(၅) သူများပြောတာကို လျောက်နားထောင်မည့်အစား
      ကိုယ့်အလုပ်ကိုယ်လုပ်ပါ လုပ်ရပ် မှန်ပါစေ

ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေ ဂိုဏ်းတော်ကြီး လမ်းစဉ်အကျဉ်း

ပယောဂဝေဒနာကြောင့် လူသားတို့ ဒုက္ခခံစားရပုံမှာ--
ပယောဂဝေဒနာစက်သည် လူသားတို့၏ကိုယ်ခန္ဓာထဲသို့ ရောက်ရှိပါက ပထဝီ၊တောဇော၊အာပေါ၊ဝါယော ဓါတ်များပျက်စီးစေပါသည်။ အပူအအေးမမျှတသောကြောင့် လူသားတို့သည် စိတ်နှင့် ပတ်သက်သော ဝေဒနာ- စိတ်မတည်ငြိမ်ခြင်း။ စိတ်ဂဏှာမငြိမ်ခြင်း၊ အိမ်မှာမနေချင်ခြင်း၊ ဒေါသကြီးခြင်း၊ မိသားစုပြဿနာဖြစ်ခြင်း၊ အိမ်ထောင်ရေး အဆင်မပြေဖြစ်ခြင်း၊ စီးပွားရေးမှာ စိတ်မဝင်စားခြင်း၊ စီးပွားရေးပျက်စီးဆုံးရှုံးခြင်း၊ အိမ်ထောင်ရေးပြိုကွဲခြင်း၊ အိမ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကျောတတ်ခြင်း၊ ခါးကိုက်ခြင်း၊ တွေဝေထိုင်းမှိုင်းခြင်း၊ ရူးသွပ်ခြင်း အသက် သေဆုံးခြင်း    ဖြစ်တတ်ပါသည်။